ဟီးရိုးသည် သိပ္ပံနယ်ပယ်တွင် Hero’s aeolipile ဟုလူသိများသော ဟီးရိုး၏အင်ဂျင်ကို တည်ဆောက်ခဲ့သူဖြစ်သည်။

ဝီကီပီဒီယာ၌တင်ထားသော ဟီးရွန်း၏ရေနွေးငွေ့အင်ဂျင်ပုံ
ဝီကီပီဒီယာ၌တင်ထားသော ဟီးရွန်း၏ရေနွေးငွေ့အင်ဂျင်ပုံ

ဟီးရွန်းဖော်မြူလာမှာ ထိုအလက်ဇန္ဒရီးယားမြို့သား၏ အမည်ကိုအစွဲပြု၍ ခေါ်ဝေါ်သော ဂျီဩမေတြီဘာသာရပ်၌သုံးသည့် ပုံသေနည်းဖြစ်၏။ ဟီးရိုးဖော်မြူလာ ဟုလည်းခေါ်ပါသည်။ တြိဂံတစ်ခု၏ အနားသုံးဖက်ကိုသိလျှင် ထိုတြိဂံ၏ဧရိယာကို ဟီးရွန်းဖော်မြူလာဖြင့် တွက်ထုတ်နိုင်ပါသည်။ အခြားသောတြိဂံပုံသေနည်းများကဲ့သို့ တြိဂံ၏အတွင်းထောင့်များ သို့မဟုတ် တြိဂံအတွင်းအကွာအဝေးများကို ဦးစွာတွက်ထုတ်ပေးရန်မလိုပါ။

အနားများအလျား a, b, c ရှိသောတြိဂံတစ်ခု၏ဧရိယာသည် ဟီးရွန်းပုံသေနည်းအရ –

A=\sqrt{s(s-a)(s-b)(s-c)} ဟူ၍ဖြစ်သည်။ s မှာ semi perimeter ခေါ် ပတ်လည်အနား၏တစ်ဝက်တန်ဖိုးဖြစ်ပါသည်။ s=\frac{a+b+c}{2} ဖြစ်သည်။

စာရေးသူနေထိုင်ရာ ရွာ၏အရှေ့ဘက်တောင်ကုန်းပေါ်တွင် စေတီတစ်ဆူရှိ၏။ ထိုစေတီတော်တည်ထားရာ ဝတ္တကမြေ၏ အကျယ်အဝန်းကို ပုံပါ မြေပုံကြမ်းဖြင့် ရုပ်ပွားတော်စံပယ်ရာအခန်းနံရံတစ်နေရာတွင် တိုင်းရင်းသားဘာသာနှင့် ရေးသားထားသည်။

မည်သို့တွက်ထုတ်ထားမှန်းမသိရသော်လည်း သေချာသည်မှာ အမှန်နှင့်ပို၍ဆက်လက်နီးစပ်ရန်ရှိသည်ဟု မြင်ပါသည်။ ပုံဖြင့် စနစ်တကျ တွက်ထုတ်ကြည့်ရအောင်ပါ။ တွက်ရလွယ်ကူစေရန် ပုံပါအတိုင်း မြေကွက်ကို ၃ ပိုင်းပိုင်းပါသည်။

နှစ်နားညီစတုဂံ၏ ဧကဖွဲ့ပုံသေနည်းအရ –

နှစ်နားညီစတုဂံ = (အလျား * အနံ)/၄၃၅၆၀

\text{Acre}=\frac{276\times 224}{43560}=1.41928\text{\, acres} ရသည်။

ထောင့်မှန်တြိဂံ၏ ဧက = [(၁/၂) အခြေ * အမြင့်]/၄၃၅၆၀

$ \text{Acre}=\frac{\frac{1}{2}\times 224\times 39}{43560}=0.10027\text{\, acres} နှင့် မီးခိုးရောင်တြိဂံ၏ ဧရိယာကို ဟီးရွန်းပုံသေနည်းအရ –

s=\frac{152.63026+298+276}{2}=363.31513

A=\sqrt{363.31513(363.31513-152.36026)( 363.31513-298)( 363.31513-276)}

A=\sqrt{363.31513\times 210.68487\times 65.31513\times 87.31513}

A=\sqrt{436,536,068.8}=20893.44559\, ft^2

တြိဂံ၏အမြင့်ကိုရှာလိုလျှင် –

A=\frac{1}{2}bh

20893.44559=\frac{1}{2}\times 298h

h=\frac{20893.44556}{149}=140.22447\, ft

ဖြင့်တွက်သည်။

\text{Acre}=\frac{Area} {43560}=\frac{20893.44559}{43560}=0.47965\text{\, acres}

ရလဒ် ၃ ခုပေါင်းသော် 1.41928 + 0.10027 + 0.47965 = 1.9992 ဧက ရပါသည်။

အထက်ပါတန်ဖိုး ၄.၂ ဧကကို မှားသည်ဟု စာရေးသူယုံကြည်ရသော အကြောင်းရင်းမှာ တောင်နှင့် မြောက်အရပ်ကအစ နေရာမှားနေရာက စ၏။ မျက်နှာချင်းဆိုင်အနားနှစ်ဖက်ပေါင်းပြီး ထက်ဝက်ပိုင်း ၄၃၅၆၀ ဖြင့်စားလျှင် ၂ ဧကမျှရသော်လည်း ၄ ဧကမည်သို့ရသည်မသိပါ။

Bun Gon


Hero of Alexandria (image: wikipedia)