Insight for Myanmar

မြန်မာတို့အတွက် အင်ဂျင်နီယာ၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဆောင်းပါးများ

Our Objectives

အင်ဂျင်နီယာ ၊ သင်္ချာ ၊ သိပ္ပံနဲ့ နည်းပညာ ဘာသာရပ်တွေဟာ စသင်သင်ချင်းအချိန်တွေမှာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုမရှိဘူးလို့ ထင်ရနိုင်ပါတယ် (ကျွန်တော်ကိုယ်တိုင်လည်း အဲလိုထင်ခဲ့တာပါ)။ ဒါပေမယ့်လည်း ဘာသာရပ်ကို ပိုပြီးထဲထဲဝင်ဝင် လေ့လာကြည့်တဲ့အခါမှာ စိတ်ဝင်စားဖို့ကောင်းလာသလို ဆက်စပ်မှု (Connecting dots) တွေကိုလည်း တွေ့လာရပါတယ်။ ဒီ Blog ရဲ့ အဓိကရည်ရွယ်ချက်ကလည်း အဲဒီလို ဆက်စပ်မှုမရှိဘူးထင်ရတဲ့ အစက်အပြောက်လေးတွေကို လိုက်ချိတ်ပေးဖို့ပါ။ ဆိုလိုတာက သီးခြားလို့ ထင်ရတဲ့ ဘာသာရပ် နယ်ပယ်အသီးသီးကြားထဲက အဆက်အစပ်တွေကို ချိတ်မိနိုင်စေဖို့ အားထုတ်ထားပါတယ်။

တင်ပြတဲ့အခါမှာလည်း ဖတ်လို့အဆင်ပြေအောင် ဆောင်းပါးပုံစံ (သို့မဟုတ်) ဆွေးနွေးတဲ့ပုံစံမျိုး နဲ့ တင်ပြသွားမှာပါ။ အင်ဂျင်နီယာ (Engineering) ၊ သင်္ချာ (Mathematics) နဲ့ သိပ္ပံ (Science) နယ်ပယ်တွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ရွေးထုတ်ပြီး ဆွေးနွေးတင်ပြသွားမှာမို့ Like & Share လုပ်ထားဖို့ မမေ့နဲ့နော်။ 

‘ ‘ Steve jobs once said that you can’t connect the dots looking forward; you can only connect them looking backwards. ’ ’

In my blog, the above phrase can be considered in two ways. First one is to try to learn as much as you can from my blog and believe that these dots will somehow connect in the future. On the other hand, you can think of it as if you are connecting these dots now even without looking backward. It means that you are connecting the dots while moving forward. So, stay tuned for our exciting journey!